သင်ခန်းစာမိတ်ဆက်

ဤသင်တန်းသည် သင်ယူလေ့လာသူများအား Artificial Intelligence (AI) ၏ အခြေခံသဘောတရားများ၊ AI အသုံးပြုရာတွင် သတိပြုရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့် အမှားများကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ လက်တွေ့ဘဝနှင့် ကိုက်ညီသော ဥပမာများကို အသုံးပြုပြီး စာရေးသားခြင်း၊ ဆက်သွယ်ပြောဆိုခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် နေ့စဉ်လုပ်ငန်းခွင်သုံး လုပ်ဆောင်ချက်များတွင် AI tools များကို မည်သို့လက်တွေ့အသုံးချရမည်ကို လေ့လာရမည် ဖြစ်ပါသည်။

သင်တန်းပြီးဆုံးချိန်တွင် မိမိ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် AI ကို တာဝန်ယူမှုရှိရှိနှင့် ထိရောက်စွာ မည်သို့အသုံးပြုရမည်ကို နားလည်သွားမည် ဖြစ်ပါသည်။

လေ့လာသူတွေဟာ Artificial Intelligence (AI) အကြောင်းအခြေခံနှင့် Generative AI (GenAI) / Large Language Models (LLMs) များ၏ Concept တွေကို သဘောပေါက်အောင်လေ့လာသွားနိုင်မှာဖြစ်ပါသည်။

AI ကို အသုံးပြုရာမှာ ဖြစ်နိုင်သော Hallucination, Privacy Risk နဲ့ Bias စသည့် သတ်မှတ်ချက်တွေကို  သိရှိပြီး Data ကို ဘယ်လိုလုံခြုံမှု ရှိအောင် သုံးမလဲ ဆိုတာကိုလည်း သင်ယူသွားကြရပါမည်။ ထို့အပြင် ChatGPT ထဲမှာ Privacy နဲ့ Data Safety ဖြစ်အောင် သုံးနိုင်တဲ့ idea တွေကို လက်တွေ့သုံးပြသွားမှာ ဖြစ်ပါသည်။

နည်းပြအဖွဲ့အစည်းအကြောင်း - Share It Forward

Share It Forward (SIF) သည် လူငယ်များ အရည်အသွေးမီ ပညာရေးကို လက်လှမ်းမီ လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ SIF ကို ကွန်ပျူတာသိပ္ပံ ကျောင်းသားတစ်စုက ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းမှ သင်ယူလေ့လာသူများအားလုံး ခေတ်မီနည်းပညာပညာရေး၏ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ရန်နှင့် အားလုံးပါဝင်သင်ယူနိုင်ရေး (Inclusivity) ကို အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။

Share It Forward အနေဖြင့် ဒီဂျစ်တယ်နည်းပညာ အခြေခံဗဟုသုတ (Digital Literacy) နှင့် ICT သင်တန်းများ ပို့ချပေးခြင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအတွက် သင်ကြားသင်ယူမှုနယ်ပယ်တွင် နည်းပညာကို ပေါင်းစပ်အသုံးပြုနိုင်မည့် လက်တွေ့ကျသော tools များနှင့် ဖြည့်ဆည်းပေးခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်နေပါသည်။ အဖွဲ့အစည်းအနေဖြင့် လူငယ်ပေါင်း (၂၀၀) ကျော်ကို ဒီဂျစ်တယ်နည်းပညာနှင့် ပြဿနာဖြေရှင်းခြင်းဆိုင်ရာ သင်တန်းများ ပို့ချပေးခဲ့ပြီးဖြစ်သလို၊ ကလေးငယ်များ သိပ္ပံနှင့် နည်းပညာကို ငယ်ရွယ်စဉ်ကတည်းက စိတ်ဝင်စားလာစေရန် ရည်ရွယ်၍ STEM ပုံပြင်စာအုပ်များကိုလည်း ထုတ်ဝေခဲ့ပါသည်။

သင်တန်းတက်ရောက်ရန်လိုအပ်ချက်

သတ်မှတ်ထားသည့် လိုအပ်ချက်မရှိပါ။


သင်တန်းပြီးဆုံးကြောင်းလက်မှတ်

သင်ခန်းစာများ အားလုံးပြီးဆုံးပြီးနောက် သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို ရရှိနိုင်မှာဖြစ်ပါသည်။


Course curriculum

    1. သင်ခန်းစာဖော်ပြချက်

    1. သင်ခန်းစာရည်ရွယ်ချက်

    2. Introduction to AI

    3. ဉာဏ်စမ်းမေးခွန်း ၁

    1. သင်ခန်းစာရည်ရွယ်ချက် ၂.၁

    2. Generative AI and Large Language Models (LLMs)

    3. ဉာဏ်စမ်းမေးခွန်း ၂.၁

    4. သင်ခန်းစာရည်ရွယ်ချက် ၂.၂

    5. Prompt Writing 101

    6. ဉာဏ်စမ်းမေးခွန်း ၂.၂

    1. သင်ခန်းစာရည်ရွယ်ချက် ၃.၁

    2. Using AI Responsibly

    3. ဉာဏ်စမ်းမေးခွန်း ၃.၁

    4. သင်ခန်းစာရည်ရွယ်ချက် ၃.၂

    5. Practical Demo_AI Privacy and Safe Usage

    6. ဉာဏ်စမ်းမေးခွန်း ၃.၂

    1. Notebook LM for HR

    2. ဉာဏ်စမ်းမေးခွန်း ၄.၁

    3. NotebookLM for Project Management

    4. ဉာဏ်စမ်းမေးခွန်း ၄.၂

    5. Meeting Minute with AI

    6. ဉာဏ်စမ်းမေးခွန်း ၄.၃

    7. English Speaking Practice with ChatGPT

    1. Figma Make Video

    2. ဉာဏ်စမ်းမေးခွန်း ၅.၁

    3. Canva AI

    4. ဉာဏ်စမ်းမေးခွန်း ၅.၂

    5. Replit

    6. ဉာဏ်စမ်းမေးခွန်း ၅.၃

    7. Stitch

    8. ဉာဏ်စမ်းမေးခွန်း ၅.၄

    9. Napkin AI

    10. ဉာဏ်စမ်းမေးခွန်း ၅.၅

About this course

  • $7.00
  • 33 lessons